Member Criteria

အသင်းဝင်အဖြစ်လျှောက်ထားခြင်း
(Medical Person, ဖောင်ဒေးရှင်းအသင်းဝင်များအဖွဲ့)
  • M.B.,B.S ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
  • အစာအိမ်၊အူလမ်းကြောင်းနှင့်အသည်းရောဂါဘာသာရပ်ကို စိတ်ဝင်စားသူဖြစ်ရမည်။
  • အဖွဲ့အစည်းမှပြုလုပ်သည့် လှုပ်ရှားမှုများတွင် အခါအားလျော်စွာ လိုက်ပါဆောင်ရွက်နိုင်သူ        ဖြစ်ရမည်။
  • အသင်းဝင်ဖြစ်ရန်အတွက် ဖောင်ဒေးရှင်းအဖွဲ့ဝင် (၂) ဦးမှ ထောက်ခံပေးရမည်။
  • အသင်းဝင်ကြေးအဖြစ် (၅၀၀၀၀) ကျပ်ပေးဆောင်ရမည်။
  • နှစ်စဉ်ကြေးအဖြစ် (၂၀၀၀၀) ကျပ်ပေးဆောင်ရမည်။ (နှစ်စဉ်ကြေးပေးရန် (၃)နှစ်         ဆက်တိုက် ပျက်ကွက်ပါက အသင်းဝင်အဖြစ်မှ ထုတ်ပယ်မည်ဖြစ်သည်။
  • အသင်းဝင်များအား အဖွဲ့အစည်းမှ ဦးဆောင်ပြုလုပ်သော စဉ်ဆက်မပျက် ဆေးပညာဟောပြောပွဲ (Continuous Medical Education) များနှင့်    Scientific Symposium ဆေးပညာဟောပြောပွဲ များတွင် ပါဝင်တက်ရောက်နိုင်ရန် ဦးစားပေးဖိတ်ကြားသွားမည်။
  • အသင်းဝင်များအား အဖွဲ့အစည်းမှ ဦးဆောင်ပြုလုပ်သော ပြည်သူလူထုအား ကျန်းမာရေးပညာပေး ဟောပြောခြင်း (Public Talk) နှင့် ပြည်သူလူထုအတွင်း ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း (Field Medical Trip) များတွင် ပါဝင်တက်ရောက်နိုင်ရန် ဦးစားပေးဖိတ်ကြားသွားမည်။
  • အသင်းဝင်များအား အဖွဲ့အစည်းမှ ဦးဆောင်ပြုလုပ်သော Endoscopy workshop များတွင် ပါဝင်တက်ရောက်နိုင်ရန် ဦးစားပေးဖိတ်ကြားသွားမည်။
  • အသင်းဝင်များအား အစာအိမ်၊ အူလမ်းကြောင်းနှင့်အသည်းရောဂါပညာရပ်ဆိုင်ရာ        ဆေးပညာသင်တန်းများ ပို့ချပေးခြင်း (GI and Liver Updated Training Course)    များအား အခါအားလျော်စွာ သင်ကြားပို့ချ ပေးသွားမည်ဖြစ်သည်။
  • အသင်းဝင်များအား နိုင်ငံတကာမှကျင်းပသော အစာအိမ်၊ အူလမ်းကြောင်းနှင့်အသည်းရောဂါပညာရပ်ဆိုင်ရာ ဆေးပညာဟောပြောပွဲများ (International GI and Liver Conferences) သို့ ပါဝင်တက်ရောက်နိုင်ရန် ဦးစားပေးဖိတ်ကြားသွားမည်။
  • အသင်းဝင်များအား (၂) နှစ်တစ်ကြိမ် ပြန်လည်စီစစ်သွားမည်ဖြစ်သည်။
  • အသင်းမှချမှတ်ထားသော အသင်းစည်းကမ်းများအား တိကျစွာ လိုက်နာရမည်။
  • အသင်းဝင်များအနေဖြင့် ရာဇဝတ်မှု တစ်ခုခု ကျုးလွန်ခြင်း၊ အသင်း၏ဂုဏ်သိက္ခာ ညိုးနွမ်းထိခိုက် ပျက်ပြားစေမည့် အပြုအမှုများကို ပြလုပ်ခြင်း၊ လူမှုကွန်ယက်စာမျက်နှာများတွင် မဟုတ်တရားများ ရေးသားဖော်ပြခြင်း၊ အသင်း၏အမည်အား အလွဲသုံးစားပြုလုပ်ခြင်းများတွေ့ရှါပါက အသင်းမှရာသက်ပန် ထုတ်ပယ်ခြင်းနှင့် အမည်ပျက်စာရင်းသွင်းသွားမည်ဖြစ်သည်။
  • ဖောင်ဒေးရှင်းမှ သတ်မှတ်ထားသော စည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း။
    နိုင်ငံတော်မှပြဌာန်းထားသော ဥပဒေတစ်ခုခုကို ကျူးလွန်ကြောင်း ရာဇာဝတ်မှှုအရ ပြစ်မှုထင်ရှားသဖြင့် အပြစ်ပေးခံရခြင်း။
  • ဖောင်ဒေးရှင်း၏ ဘဏ္ဍာငွေများနှင့်ပတ်သက်၍ အလွဲသုံးစားပြုလုပ်ခြင်း။
  • ဖောင်ဒေးရှင်းမှ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မထမ်းဆောင်နိုင်ခြင်း။
  • ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးများမှ ဖိတ်ကြားသည့် အစည်းအဝေးများသို့ တက်ရောက်ရန် (၅) ကြိမ်ထက်မနည်း ဆက်တိုက်ပျက်ကွက်ခြင်း။

၁။ အဖွဲ့ဝင်တစ်ဦးဦးသည် အောက်ပါအကြောင်း တစ်ရပ်ရပ်ပေါ်ပေါက်လျှင် အဖွဲ့ဝင်အဖြစ်မှ ရပ်စဲရန် မူဝါဒရေးရာ ကော်မတီမှစိစစ်၍ ဗဟိုအလုပ်မှုဆောင်အဖွဲ့ထံတင်ပြကာ အဆုံးအဖြတ် ခံယူရမည်။
(က) ကွယ်လွန်ခြင်း။
(ခ) စိတ်ပေါ့သွပ်၊ ရူးနှမ်းခြင်း။
(ဂ) ဖောင်ဒေးရှင်း အမည်ကို မိမိအကျိုးစီးပွားအတွက်ဖြစ်စေ၊ အခြားအဖွဲ့အစည်း တစ်ခုခုနှင့် နှီးနွယ်ပတ်သက်လျှက်ဖြစ်စေ အလွဲသုံးစားပြုမူ၊ ပြောဆို၊ ရေးသားခြင်း။
(ဃ) ဖောင်ဒေးရှင်းက သတ်မှတ်ထားသော စည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း။
(င) နိုင်ငံတော်ကပြဌာန်းထားသော ဥပဒေတစ်ခုခုကို ကျူးလွန်ကြောင်း ရာဇာဝတ်မှှုအရ ပြစ်မှုထင်ရှားသဖြင့် အရေးယူခံရခြင်း။
(စ) ဖောင်ဒေးရှင်း၏ ဘဏ္ဍာငွေများနှင့်ပတ်သက်၍ အလွဲသုံးစားပြုလုပ်ခြင်း။
(ဆ) အဖွဲ့ဝင်ကိုယ်တိုင် နှုတ်ထွက်လိုကြောင်း တင်ပြလာခြင်း။
၂။ အထက်ပါအကြောင်းအရာ တစ်ရပ်ရပ်အားတွေ့ရှိကြောင်း မှန်ကန်ပါက ဗဟိုအလုပ် အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်အရ သက်ဆိုင်ရာအဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်နိုင်သည်။

အသင်းဝင်အဖြစ်လျှောက်ထားခြင်း
(Non-medical Person, စိတ်ဝင်စားသူအသင်းဝင်များအဖွဲ့)
  • အစာအိမ်၊အူလမ်းကြောင်းနှင့်အသည်းရောဂါဘာသာရပ်ကို စိတ်ဝင်စားသူဖြစ်ရမည်။
  • အဖွဲ့အစည်းမှပြုလုပ်သည့် လှုပ်ရှားမှုများတွင် အခါအားလျော်စွာ လိုက်ပါဆောင်ရွက်နိုင်သူ        ဖြစ်ရမည်။
  • အသင်းဝင်ဖြစ်ရန်အတွက် ဖောင်ဒေးရှင်းအဖွဲ့ဝင် (၂) ဦးမှ ထောက်ခံပေးရမည်။
  • အသင်းဝင်ကြေးအဖြစ် (၅၀၀၀၀) ကျပ်ပေးဆောင်ရမည်။
  • နှစ်စဉ်ကြေးအဖြစ် (၂၀၀၀၀) ကျပ်ပေးဆောင်ရမည်။ (နှစ်စဉ်ကြေးပေးရန် (၃)နှစ် ဆက်တိုက် ပျက်ကွက်ပါက အသင်းဝင်အဖြစ်မှ ထုတ်ပယ်မည်ဖြစ်သည်။)