(က) ပြည်သူလူထုများ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဆိုင်ရာ အသိပညာ ဗဟုသုတများ တိုးပွားစေရေး။
(ခ) အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါများနှင့် ပတ်သက်သော သုသေတနလုပ်ငန်း များကို ထောက်ပံ့ကူညီပေးရေး။
(ဂ) ပညာရပ်ဆိုင်ရာ လုပ်ငန်းများကို မြန်မာနိုင်ငံဆရာဝန်အသင်း၊ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါပညာ အဖွဲ့နှင့်အတူ အပြန်အလှန် ပူပေါင်းကူညီ ဆောင်ရွက်ပေးရေး။
(ဃ) တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု အပြည့်ဖြင့် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်း များနှင့် ပူပေါင်းဆောင်ရွက်ရေး။
(င) ဖောင်ဒေးရှင်းသည် အကျိုးအမြတ်မယူသော၊ လွတ်လပ်သော အစိုးရမဟုတ်သည့် စေတနာရှင် အဖွဲ့အစည်း ဖြစ်စေရေး။
(စ) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ မူဝါဒများနှင့် ပညာရပ်ပိုင်းဆိုင်ရာ ဆောင်ရွက်ချက် များကို ဝိုင်းဝန်းပါဝင်ကူညီ အထောက်အပံ့ ပေးနိုင်ရေး။
(ဆ) ပြည်သူလူထုအတွင်း အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဆိုင်ရာ ရောဂါများအား ခေတ်ပေါ်ထက်မြက်သော ကုသနည်းများဖြင့် ထိရောက်စွာ ကုသပေးနိုင်ရေး။
(က) အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါများရှာဖွေရေး၊ ကာကွယ်ရေးနှင့် ကုသရေး လုပ်ငန်းများတွင် ပြည်သူလူထု၏ပူပေါင်းပါဝင်မှု မြင့်မားလာစေရေး ဆောင်ရွက်နိုင်ရန်။
(ခ) ပြည်သူလူထုများအကြား အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါများ အကြောင်း ပိုမို သိရှိ နားလည်သဘောပေါက်လာကာ ပြည်သူများပါဝင်သော ရောဂါတိုက်ဖျက်ရေး လုပ်ငန်း များအား ကျေးလက်ဒေသအထိ ထိရောက်စွာ ကုသပေးနိုင်ရေး အရှိန်အဟုန်ဖြင့် လုပ်ဆောင်ရန်။
(ဂ) လူငယ် အစာအိမ်၊အူလမ်းကြောင်းနှင့် အသည်းရောဂါပညာရှင်များကို မြေထောင် မြှောက်ကာ ပညာရပ်ဆိုင်ရာဆုများ ချီးမြင့်ပေးရန်နှင့် လိုအပ်သော အကူအညီများ ပေးရန်။
(ဃ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကျန်းမာရေးဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး ရည်မှန်းချက်များ မြန်မာနိုင်ငံတွင် အောင်မြင်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ပါဝင်ဆောင်ရွက်ရန်။
(က) ပြည်သူအများ သိသင့်သော အစာအိမ်၊အူလမ်းကြောင်းနှင့် အသည်းရောဂါများ ဆိုင်ရာ အကြောင်းအရာများကို လူထုအကြား ပျံ့နှံ့ရောက်ရှိအောင် ဆောင်ရွက်နိုင်သည့် အဖွဲ့အစည်း ဖြစ်စေရေး။
(ခ) ပြည်သူအများအကြား ဖြစ်ပွားလျက်ရှိသော အသည်းရောင်အသားဝါရောဂါ ပပျောက်ရေးနှင့် အစာအိမ်အူလမ်းကြောင်း ကင်ဆာရောဂါ တိုက်ဖျက်ရေး အတွက် ခေတ်နှင့်အညီ ထက်မြက်သော ကုသနည်းများဖြင့် ထိရောက်စွာ ကုသပေးနိုင်ရေး။
(ဂ) သုတေသနလုပ်ငန်းများကို အစဉ်တစိုက်အားပေးခြင်းဖြင့် လူငယ် အစာအိမ်၊ အူလမ်းကြောင်းနှင့်အသည်းရောဂါ ပညာရှင်များကို မွေးထုတ်ပေးနိုင်ရန် အထောက် အကူဖြစ်စေရေး။
(ဃ) ပြည်တွင်းနှင့်နိုင်ငံတကာ အစာအိမ်၊အူလမ်းကြောင်းနှင့် အသည်းရောဂါဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိုနှိုင်းကာ ရောဂါရှာဖွေရေး၊ ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် ဦးဆောင်နိုင်သည့် လွတ်လပ်သော အစိုးရမဟုတ်သည့် အဖွဲ့အစည်း အဖြစ်ရပ်တည်နိုင်ရေး။